ထိုဘလော့သည် ဗုဒ္ဒ၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့်ရောက်လာသူအားလုံး ကျန်းမာချမ်းသာကြပါစေ...

Tuesday, July 24, 2012

ဘ၀သံသရာ တကွေ့ဝယ်

မနက်စောစောစော ရာသီဥတုကလဲ မိုးလေးဖွဲဖွဲကျနေတဲ့ အချိန် ညကလည်း တာဝန်းမူးကျထားတော့ ကျွန်တော့်ရဲ့ ကုတင်လေးပေါ် အင်မတန်မှ အိပ်မောကျနေတဲ့ အချိန် ကြားရပါပီ အခန်းမှန်ကို လာခေါက်တဲ့အသံ ဘယ်အချိန်ထဲကခေါက်နေမှန်းမသိတော့ ကြည့်လိုက်တဲ့အချိန်မှာ လာခေါက်သူရဲ့အသံက အရှိန်တော်တော်မြင့်နေပီ *ဗိုလ်ကြီး ထ ထ* " အေးဘယ်သူလဲဟ ဘာကိစ္စလဲ" *ဗိုလ်ကြီး ကျွန်တော် ဆက်သွယ်ရေး တပ်ကြပ် ကျော်သန်း ပါ ဗိုလ်ကြီး* " အေး ဘာကိစ္စလဲ ဆရာကြီးရ " *ရှေ့တန်းက တိုက်ပွဲကြေးနန်း ၀င်လို.ပါ* ကျွန်တော့်ရဲ့ အိပ်ချင်စိတ်တွေ ဘယ်ကိုပျောက်လို.ပျောက်သွားမှန်းမသိအောင် ကြက်ပျောက် ဌက်ပျောက် ပျောက်သွားတယ်..အိပ်ရာပေါ်က ကပြာကယာထပီး "ပြော ဆရာကြီး ဘာထူးခြားလဲ" *ရှေ့တန်း တိုက်ပွဲ ဖြစ်စဉ် ဖြစ်လို.ပါဗိုလ်ကြီး* "အေး ဘာထူးခြားလဲ ဆရာကြီး " *ခွဲ(၃) ဆရာကြီးတစ်ယောက်နဲ့ ရဲဘော် (၃) ယောက်ကျတယ် ဗိုလ်ကြီး အချို.ကတော့ ဒဏ်ရာရတယ် ဗိုလ်ကြီး* "ဟာကွာ" ကျွန်တော့်ရင်ထဲ နင့်ကနဲ တစ်ချက်ဖြစ်သွား လေပီ ဆက်မေးဖို.ပင် မနဲအားတင်းထားရသည်. "အေး ဒဏ်ရာရတဲ့သူတွေက စိုးရိမ်ရလား (မစိုးရိမ်ရလား) " * မစိုးရိမ်ရပါဗိုလ်ကြီး * အဲ့အသံကြားမှ ရင်ထဲမှာ ဟူး ဆိုပီးသက်ပြင်းတစ်ချက်ချလိုက်နိုင်တယ်...အဲ့အချိန်မှာဘဲ စိတ်ထဲမှာ ခွဲ(၃)က ရဲဘော် ၀င်းမြင့်မောင် ကိုပြေးမြင်မိတယ်..အဲ့ရဲဘော်လေးက ရှေ့တန်းမထွက်ခင် မင်္ဂလာဆောင်သွားတာ.. သူ့ကိုမိန်းမလိုက်တောင်းပေးတုန်းက ကျွန်တော်လဲ ပါဝင်ခဲ့တဲ့သူလေ..ကိုယ်တိုင်တာမစွန်တာ အဲ့လို ကမကထ  လုပ်တတ်တဲ့အကျင့်က ငယ်ငယ်လေးထဲကပါလာလေတော့..ဒါနဲ့ ကျွန်တော်လဲ မရဲတရဲနဲ့ ဆက်မေးလိုက်ရတယ်.. " ဆရာကြီး ခွဲ(၃)က ဖြစ်စဉ်ဖြစ်တာဆိုတော့ တပ်သား ၀င်မြင့်မောင် တစ်ယောက်ကော ဘယ်လိုလဲ ".. ဆရာကြီးက စိတ်မကောင်းတဲ့ လေသံကြီးနဲ့ * ဗိုလ်ကြီးကောင်တော့ ပါသွားတယ် ဗိုလ်ကြီး * "ဟာဗျာ သူ.မိန်းမ ငယ်ငယ်လေးနဲ့ဗျာ ယူထားတာမှ စစ်ဆင်းရေးမထွက်ခင်ကမှ ဗျာ" ဆရာကြီးက * ဗိုလ်ကြီးရယ်သတ္တ၀ါ တစ်ခု ကံတစ်ခုဘဲ ဗိုလ်ကြီးရာ စစ်သားဘဲ ဘယ်တတ်နိုင်မလဲဗျာ..* "ကျွန်တော် နားလည်ပါတယ် ဆရာကြီးရာ သူ.မိန်းမလေးကို ပြေးပီး မျက်လုံးထဲ မြင်ယောင်မိပီး နှမလေးတစ်ယောက်လို. ကိုယ်ချင်းစာလိုက်မိလို.ပါဗျာ " ခနတွေတွေကြီး ဖြစ်သွားသည်.. ပီးမှ "ကဲကဲ ထားတော့ ဖြစ်ပီးတာတွေလဲ ဖြစ်ပီးပီ အခုတပ်ရေးဗိုလ်ကြီး ဘယ်မှာလဲ " ဆရာကြီးက * ရုံးမှာ ဗိုလ်ကြီး ဗိုလ်ကြီးကို လာခေါ်ခိုင်းလို.* "အေး ငါမျက်နှာသစ်ပီးလာခဲ့မယ်ပြောလိုက် " *ဟုတ်ကဲ့ပါ ဗိုလ်ကြီး* ဆရာကြီးကျော်သန်း တစ်ယောက် ကျွန်တော့်ကို အလေးပြုပီး ပြန်ထွက်သွားလေပီ... အဲ့အချိန်မှာ သူ.ကိုပြန်ပီး အလေးပြုဖို.လဲ သတိမကပ်နိုင်တော့ ရေချိုးကန်ကို အမြန်ပြေးပီး မျက်နှာမြန်မြန်သစ် သွားခပ်သွက်သွက်တိုက်ပီး ရုံးကို သုတ်ခြေတင် ပြေးရတော့ သည်..ရောက်ပါပီ တပ်ရေးဗိုလ်ကြီး ရုံးခန်း အ၀င်ဝမှာ အလေးတစ်ချက်ပြုပီး  "အကိုကြီး ညီးလေး ၀င်ခဲ့မယ်နော်"... * အေးညီလေး ၀င်ခဲ * သူ့ကိုတချက်ကြည့်လိုက်ပါသည်.သူ့မျက်ဝန်းတွေထဲမှာ မျက်ရေတွေ လည်နေတာတော့ သတိထားလိုက်မိတယ်.. အသံတွေလဲ တုန်နေတယ်.. *ညီလေး မင်း ဖြစ်စဉ်ကို သိပီးပီမှတ်လား * "ဟုတ်ကဲ့ သိပီးပါပီ ကိုကြီး " *အေးကွာ သူတို.မိသားစုတွေကိုလဲ မပြောလို.မရဘူးညီလေးရ မပြောချင်ပေမယ့်လဲ ပြောရမှာဘဲ .ကဲမင်းနဲ့ကိုကြီးနဲ့ တပ်ရင်းမူးကတော် ကိုခေါ်ပီး သူတို.မိသားစုဝင်တွေကို အကြောင်းသွားကြားရမယ်* " ဟုတ်ကဲ့ကိုကြီး " *အေးဒါဆို အခုဘဲ သွားရအောင် ပီးရင်အကိုတို.နာရေးအတွက် စီစဉ်ပေးစရာရှိတာ စီစဉ်ပေး၇ဦးမယ်.* " ဟုတ်ကဲ့ ကိုကြီး " ကျွန်တော်တို. ၂ ယောက် တပ်ရင်းမူးအိမ်သို့ရောက်ချေပီ ကြားလိုက်ရပါပီ ရင်းမူးကတော်ရဲ့ မေတ္တာပို.သံတွေ စစ်ထွက်ယောကျာင်္း အတွက် ဆုတောင်းပေးသံတွေ..အဲ့အချိန် အတွေးလေး တချက်ဝင်သွားတယ် စစ်သားမယား ဖြစ်ရတာလဲ ဘယ်လောက်များစိုးရိမ်ပူရလိမ့်မလဲလို.ပေါ့....ဘုရားရှိခိုးသံ ဆုံးသွားတာကို သတိပြုလိုက်မိတဲ့အချိန်မှာ .ချောင်းဟန့်သံပေးလိုက်ပါတယ်.."ဟွတ် ဟွတ် "ချောင်းဆိုးသံကြားသွားတယ်နဲ့တူပါတယ် ရင်းမူးကတော် ထွက်လာပါတယ်..ကျွန်တော်တို.ကိုမြင်တော့ " ဗိုလ်ကြီးတို.ပါလား စောစောဆီးဆီး ဘာကိစ္စများထူးလို.လဲ" တပ်ရေးဗိုလ်ကြီးကလဲ ဖြစ်စဉ်ကို အကုန်ပြောပြလိုက်ပါတော့သည်..အဲ့သတင်းကိုလဲ ကြားပီးရော ရင်းမူးကတော်လဲ စစ်သားမယားပေမယ့် မိန်းမသားပေမို. ငိုချေပီ ခုနက ဆရာကျော်သန့် အားပေးသွားတဲ့အတိုင်း လက်ဆင့်ကမ်းအားပေးလိုက်မိတော့တယ် ကျွန်တော်လဲ " အမရယ် သတ္တ၀ါတစ်ခု ကံတစ်ခုဘဲ ဘယ်တတ်နိုင်မလဲ တရားနဲ့ဖြေပါအမရယ် " ရင်းမူးကတော်ကလဲ * သိပါတယ်ဗိုလ်ကြီးရယ် ကျွန်မစိတ်မကောင်းလွန်းလို.ပါ * ..ခနနေတော့ ကျွန်တော်တို.ကို ဆက်ပြောတယ် *ဗိုလ်ကြီးတို. ခနလေးစောင့်နော် အ၀တ်လဲလိုက်ဦးမယ်* ဆိုပီး အခန်းထဲ ၀င်သွားတယ်ပီးတော့ ကပြာကရာလဲပီး ထွက်လာတယ် ရင်းမူးကတော်လဲ..ကျွန်တော်တို. (၃) ယောက် အိမ်ထောင်သည်လိုင်းခန်းဆီသို. သွားရချေပီ ..ကျွန်တော်မှတ်မိသလောက် အဲ့အချိန်မှာ ကျွန်တော်ခြေလှမ်းတွေက ကျွန်တော့်ဘ၀တသက်တာလုံးအတွက် အလေးလံဆုံးဖြစ်လိမ့်မယ်ထင်တယ်. ကျွန်တော့ခြေလှမ်းတွေကဘဲ လေးကန်လွန်းနေတာလား ကမ္ဘာ့ဆွဲအားကိန်းသေ တန်ဖိုးကဘဲ အဲ့အချိန်မှာ များသွားတာလားတော့ အခုချိန်ထိ ဝေခွဲမရဘူး..ရောက်ပါပီ အိမ်ထောင်သည်လိုင်းခန်း..အဲ့အချိန် မှာ စစ်သည်တွေရဲ့ မိန်းမတွေလဲ ဒီသတင်းကိုကြားပီးပီပေါ့..အဲ့အချိန်မှာ သူတို.အိမ်ရှေ့လေးတွေထွက်နေပီး လက်အုပ်လေးတွေချီပီး သူတို.အိမ်ထဲ မ၀င်ပါစေနဲ့လို. ဆုတောင်းနေတဲ့ပုံလေးတွေက အခုချိန်ထိ မျက်လုံးအိမ်ထဲမှာ သေသည်အထိ ကျန်ရစ်နေမယ့် ကျိမ်စာသင့် ပန်းချီကားတစ်ချပ်လိုပါဘဲဗျာ..အဲ့လိုနဲ့ လိုင်းခန်းထဲမှာလျှောက်လာရင် လျှောက်လာရင်း ကျဆုံးသွားတဲ့ ခွဲ(၃)က ဆရာကြီး အိမ်ရှေ့သို.ရောက်ပါပီ..အင်မတန်ဖြူစင်လှပီး အပြစ်ကင်းစင်တဲ့ ကလေး(၂) ..သူများတွေလို တန်ဖိုးကြီးအရုပ်တွေနဲ့ မကစားနိုင်ရှာတော့ မြေကြီးပေါ်မှာ မောင်နှမ (၂) ယောက် သဲနဲ့မုန့်ဖုန့်တိုင်းကစားနေကြတယ်..အဲ့ကလေး (၂) ယောက်ကိုကြည့်ပီး ကျွန်တော်ဘယ်လိုမှ အသဲမမာနိုင်တော့ဘူးဗျာ..ရင်ဘတ်ထဲက ဆို့နင့်မူတွေ ကို မျက်ဝန်းအိမ်က သက်သေတည်ရှာပီ.. မျက်ရည်တွေကျမှန်းမသိ ကျလာခဲ့မိပါသည်..ဒါနဲ့ဘဲ နှုတ်ခမ်းကို ခပ်တင်းတင်းလေး ကြိတ်ပီးအားယူကာ.. ငိုသံပါကြီးနဲ့ဘဲ မေးလိုက်ရတယ်.."ဟဲ့ကလေးတို. မင်းတို.အမေကော" *ဟုတ်ကဲ့ ဦးဦး ဗိုလ်ကြီး အမေကောက်စိုက်သွားပါတယ် * "ဟေဟုတ်လား" ဒါနဲ့ ဘေးအိမ်က ရဲမေတစ်ယောက်ကိုခေါ်ပီး "အမ သူတို.တွေရဲ့အမေ ကောက်စိုက်သွားတယ်ဆို " ရဲမေကလဲ *ဟုတ်တယ်ဗိုလ်ကြီးရဲ့ သူတို.မိသားစုကများတော့ လစာနဲ့က စားဖို.ဘဲ လောက်တာလေ သူတို.ကလေးတွေရဲ့ ရှေ့ရေးအတွက် အဲ့အမက ဖက်ထိတ်မရှိတဲ့ နေ့တိုင်း ကောက်စိုက်သွားတယ်လေ ဒီနေ့လဲ တပ်ရင်းမှာ ဖက်ဒိတ်မရှိလို. ကောက်စိုက်သွားတယ် ဗိုလ်ကြီး* အဲ့အချိန်မှာ ကျွန်တော်လဲ ကလေးနှစ်ယောက်ကို တွေတွေကြီးကြည့်ပီး မေမေ့ မျက်နှာကြီးကို ပြေးမြင်ယောင်သွားမိတယ်..အော်မိခင်မေတ္တာ...မျက်ရည်တွေလဲ တသွင်သွင်စီးကျနေလျှက်ပေါ့..ကျွန်တော်လဲ အဲ့ရဲမေကိုဘဲ ငိုသံပါကြီးနဲ့ ဒါဆို " သူ.ကို ခင်ဗျားသွားခေါ်ချေဗျာ " .ကျွန်တော်လဲ ပြောပီးတာနဲ့ မျက်နှာကြီးအုပ်ပီး အိမ်ပေါ်တက်ထိုင်နေတော့တယ်... ရောက်လာပါပီ ခြံဝထဲက အော်ငိုပီး *ကျွန်မကို ကယ်ပါဦး ဗိုလ်ကြီးတို.ရယ်..ကျွန်မကိုကယ်ပါဦး အမရယ် ကျွန်မ ဘ၀ဘယ်လို ရှေ့ဆက်ရမှာလဲ ကလေး(၂) ယောက်နဲ့  *ဆိုပီး ကျွန်တော်တို.ကိုတလှည့် ရင်းမူးကတော်ကို တလှည့်ဦးတိုက် ငိုနေရှာတယ်..ကျွန်တော်တို.လဲ မနဲဖျောင်းဖျရတယ်..သူ့စိတ်လေး ငြိမ်သွားလောက်ပီဆိုတော့မှ အမခွင့်ပြုအုံး ပီးမှ နာရေးအတွက် ထပ်လာခဲ့မယ်နော်..အခြားအိမ်တွေလဲ  လိုက်အကြောင်းကြားလိုက်ဦးမယ်ဆိုပီး လှေခါးပေါ်မှ ဆင်းလာကြသည်.. ကလေး(၂)ယောက် အောက်ကနေ ဘာမှကိုနားမလည်နိုင် အပြစ်ကင်းစင်လွန်းသော မျက်လုံးလေးတွေနဲ့ တွေတွေကြီးကြည့်နေရှာသည်..ရင်းမူးကတော်လဲ သူ့ပိုက်ဆံအိပ်ထဲက ပိုက်ဆံအချို.ကိုထုတ်ပီး * ရော့ သားတို. သမီးတို. မုန့်ဝယ်စားကြနော်* အဲ့အချိန် ကျွန်တော်လဲ အိတ်ကပ်လေးကိုစမ်းလိုက်မိပါသည်.. ထောင်တန်(၂) ရွက်ထွက်လာပါသည်..အဲ့ပိုက်ဆံလေးကိုထုတ်ပီး ကလေး(၂)ယောက်ရဲ့ လက်ထဲကိုပေးပီးသူတို.လေးတွေရဲ့ လက်လေးတွေကို တင်းကြပ်နေအောင် ဆုပ်ပီး တွေတွေကြီးကြည့်နေမိရှာတယ်..ပီးမှ နဖူးလေးကို ဖွဖွလေးနမ်းပီးထွက်လာခဲ့မိတယ်..ကျွန်တော့်ရဲ့ မျက်ဝန်းအိမ်ထဲမှာ မျက်ရည်စတွေနဲ့ ကျွန်တော့်ရဲ့ ခေါင်းထဲမှာ အဲ့ကလေး(၂)ယောက်ရဲ့ အနာဂတ်တွေ ကို ပုံဖော်ကြည့်ရင်း အလေးလန်ဆုံးသော ခြေလှမ်းတွေနဲ့ နောက်တအိမ်သို. လျှောက်လှမ်းလာနေမိပါတော့တယ်.....ကျွန်တော် အခုရုရှားမှာ စာသင်နေပါတယ်..စစ်သားစကားအရဆိုရင်တော့ ကျည်လွတ်မြေပေါ့..Online ပေါ်မှာ အချို.လူငယ်တွေ မရင့်ကျက်သေးတဲ့ အချို.လူကြီးတွေက ပြောကြတယ် မင်းတို.စစ်သားဆိုတာ စစ်ခွေးတွေ အချို.ကလဲ စောင်းမြောင်းပီး ပြောကြတယ် ကျွန်တော်လေ အဲ့အသံတွေကြားတိုင်း အဲ့ မြင်ကွသ်းလေးတွေ အဲ့မိသားစုတွေရဲ့ ဘ၀လေးတွေကို မြင်ယောင်လာတယ် ..သူတို.ကိုလဲ မြင်အောင် ကြည့်စေချင်တယ်ဗျာ...လောကကြီးမှာလေ ကိုယ်ချင်းစာတရား လူတွေက ကိုယ်တိုင် ခံစားဖူးမှ နားလည်တတ်ကြတာတဲ့..ကျွန်တော်ကတော့ ဆုတောင်းပေးပါတယ် အမြဲတမ်း ကျွန်တော်တို.အပေါ်နားမလည်ရင် နေပါစေ ကိုယ်ချင်းမစာရင်နေပါစေ..ဒီလိုအဖြစ်မျိုး သူတို.အပေါ်မှာ ဘယ်တော့မှ မကြုံကြပါစေနဲ့လို. သူတို.မှ မဟုတ်ဘာဘူး ဘယ်သူ.ဘယ်သူကိုမှ မကြုံစေချင်တာပါ..ကျွန်တော်ကစစ်သားပါ ဒါပေမယ့်လေ ကျွန်တော် စစ်ဆိုတဲ့ အရာကြီးကိုတော့ အလွန်ရွှံ့မုန်းတယ်ဗျာ..ခင်ဗျားတို.လဲ ရွှံ့မုန်းကြရှာမှာဘဲ..စစ်ရဲ့ အနိဌာရုံတွေကို စစ်သားတွေလောက်ဘယ်သူက ပိုသိနိုင်မှာလဲဗျာ.အဲ့လို စစ်ခွေးတို.  အမြင်မကြည်တဲ့သူတွေကို ကျွန်တော်တို.နေရာကနေ ၁လလောက်လာနေကြည့်ကြပါလားဗျာ..စနစ်နဲ လူကို ခွဲခြား မုန်းကြပါလားဗျာ.. ကျွန်တော် ဒီစာကိုရေးနေတာ ကျွန်တော့်မျက်ရည်တွေနဲ့ပါ.. အားလုံးတစ်ဦးပေါ်တစ်ဦးနားလည်နိုင်ကြပါစေလို.ဆုတောင်းရင်... နေ၀န်းရောင်(ခေတ္တမော်စကို)

No comments:

Post a Comment