ထိုဘလော့သည် ဗုဒ္ဒ၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့်ရောက်လာသူအားလုံး ကျန်းမာချမ်းသာကြပါစေ...

Tuesday, July 24, 2012

ယုံကြည်မူ နှင့်အမှန်တရား

  • ကမ္ဘာပေါ်မှာ ရှိတဲ့ လူတိုင်းလူတိုင်းမှာ ယုံကြည်မူ တခုခု ဆိုတာတော့ ရှိကြစမြဲဆိုတာ ဘယ်လိုမှ ငြင်းဆိုနိုင်မည်မဟုတ်ပါ။ ယုံကြည်မူမရှိလျှင် လည်း လူသားတို.၏ အသက်ရှင်နေထိုင်မူသည် အင်မတန် အဓိပ္ဘါယ် မဲ့လိမ့်မည် အထီးကျန်လိမ့်မည် လမိုက်ည မှာ လမ်းပျောက်နေသော လူတယောက်နဲ့တူနေပေလိမ့်မည်။စာရေးသူ ကိုယ်တိုင်တွင်လည်း ယုံကြည်မူရှိပါသည်။သို.သော် ယုံကြည်မူတိုင်းဟာ အမှန်တရားပါလို. လက်ကိုင်ဆွဲထားရင် သင့်တော်ပါ့မလားဆိုတာ အင်မတန် စဉ်းစားတွေးခေါ်သင့်တဲ့အချက်တခု ဖြစ်ပါသည်။ စဉ်းလဲစဉ်းစားသင့်ပေသည်။ အသိဥာဏ် ပညာမပါသော စဉ်းစားဆင်ခြင်ဥာဏ်မပါသော ယုံကြည်မူမျိုးသည် လူသားတို.အကျိုးစီးပွား သံသရာအကျိုးစီးပွားအတွက်အင်မတန် မှ ကြောက်ဖို.ကောင်းလှပါသည်။။ ကမ္ဘာပေါ်မှာရှိတဲ့လူများသည် အားကိုးရှာကြသည် အားကိုးထိုက်သူဟု ယူဆလျှင်ထိုသူအပေါ်အကြွင်းမဲ့ ယုံကြည်တတ်ကြသည် ထိုအကြောင်းအရာလေးသည် လူသားတိုင်း၏ ဓမ္မတာ ပင်ဖြစ်သည်။ အထူးသဖြင့် အားနွဲ့သော မိန်းကလေးတော်တော်များများသည် အားကိုးအလွန်ရှာသော သတ္တ၀ါ မျိုးဖြစ်သည်။ ထိုအထဲမှ မြန်မာမိန်းကလေးအများစု သည် အဆိုးဆုံးဖြစ်လိမ့်မည်ဟု စာရေးသူ ထင်မြင်မိပါသည်။ မြန်မာမိန်းကလေး အများစု သည် ဗေဒင် ယုံသည် ယြတာ ယုံသည် ဘိုးတော်ယုံသည် နတ်ယုံသည် အကြားအမြင်ယုံသည် အမျိုးမျိုးယုံကြည်ကြသည်။ ထိုယုံကြည်မူတွေ စာရေးသူကိုယ်တိုင်လဲ အလိမ်ခံခဲ့ရဖူးသည် ။စာရေးသူ၏ အမသည် မိန်းကလေး သဘာဝ အင်မတန် ဗေဒင် ယြတာ အကြားအမြင် တို.ကို ၀ါသနာ ထုံသူဖြစ်သည် စာရေးသူ ၁၀ တန်းဖြေသည်. နှစ်တွင် အမလုပ်သူလဲ ၁၀ တန်း ပြန်ဖြေသည် ။အမသည် စာမကျက် ဘဲ ဗေဒင် ယြတာ ချေခြင်းဖြင့် ၁၀ တန်းကို မကြာခဏ၀င်ဖြေလေ့ရှိသည်။(မှတ်ချက် -အခုချိန်ထိမအောင် ကလေးရသွားသဖြင့် လက်လျှော့ လိုက်သည်)။ ထိုနှစ်တွင် ၁၀ တန်းဖြေပီး အမ ခေါ်သွားသဖြင့် အကြားအမြင်ထံ ပါသွားဖူးသည်။ အကြားအမြင်ဟောတတ်သည် ဆိုသော မိန်းမကြီးသည် သူ၏လုပ်ရိုးလုပ်စဉ်အတိုင်း နတ်စင် တွေ ဘုရားစင်တွေရှေ့ ခေါင်းကြီးတဆတ်ဆတ်နဲ့ပေါ့ ပီးတော့ ကျွန်တော့်ကိုဟောတယ်
  • ကောင်လေးက ဂုဏ်ထူးဘယ်နှစ်လုံး ပါမှာတဲ့ ။တကယ်ပါ အဲ့တုန်းက အကြားအမြင်ဆရာမပြောတော့ ကိုယ့်ကိုကို ဖင်နဲ့ ကြမ်းပြင်နဲ့တောင်နဲနဲ လွတ်သွားချင်သလိုမျိုးဖြစ်သွားတယ် ယုံကြည်မူနော် ဘယ်လောက်ဆိုးဝါးလဲ မိဘတွေ ဆို အကြားအမြင်ဆရာမက ဂုဏ်ထူးပါမယ်ပြောတာကို တရပ်ကွက်လုံး မောင်းထုကြေညာပြီး ဂုဏ်ယူနေတာ အဲ့တုန်းကတော့ အောင်စာရင်းမထွက်မချင်း လူအထင်ကြီးခံရနဲလားဆိုပီး မှိန်းနေလိုက်ပါသေးတယ် နောင်အခါလာ နောင်အခါဈေးပေါ့။ကဲ စာဖတ် ပရိတ်သတ်ကြီး စဉ်းစားကြည်ပါ ထိုယုံကြည်မူတွေဟာ အမှန်တရားလားဆိုတာ။ တကယ် စာပေကိုနဲနဲ တီးမိခေါက်မိ ဖတ်မိတဲ့အချိန် ကျမှ အကြားအမြင်ဆိုတာ သမ္မထ ကျင့်စဉ်တခု မြို.ပေါ်မှာဆို ဘယ်သူမှ သမ္မထ မတည်နိုင်ဘူး သမ္မထ တည်မယ့်သူဟာ လူသူကင်းမဲ့တဲ့ တော်မှာသာ သမ္မထတည်နိုင်တယ်။ ကဲ အတွေးအခေါ် ဗဟုသုတ ကင်းမဲ့ခဲ့တဲ့ ယုံကြည်မူဟာ လူတွေကို ဘယ်လောက် ဒုက္ခပေးသလဲ စာဖတ်ပရိတ်သတ်ကြီးဘဲ စဉ်းစားကြည်.တော့ ။လက်ရှိ ရန်ကုန်တို. မန္တလေးတို.မှာ ဆိုင်းဘုတ်ကြီးတွေ ထောင်ပြီး တရားဝင်လိမ်စားနေတဲ့ သူတွေရော ဥာဏ်ပညာကင်းမဲ့နေတဲ့ ဆင်ခြင်တုန်တရားကင်းမဲ့စွာ ယုံကြည်နေတဲ့လူတွေ ဒု နဲ့ဒေးပါဘဲ။ ရိုးရိုးလေးစဉ်းစားကြည်.ပါ အကြောင်းအရာလေးတခုကိုဘဲ ချပြမယ် အခု ဗေဒင်တွက်နေ တဲ့သူတွေ ယြတာ ချေပေးနေတဲ့သူတွေ အကြားအမြင်ဆိုတဲ့ ပုဂ္ဂိုလ်တွေ သူတို.တတွေ အခကြေးငွေယူပီး စီးပွားရေး တရပ်သဖွယ် လုပ်စားနေတဲ့သူတွေကြီးဘဲ။ သူတို.တာတကယ်မှန်ရိုး သိရိုး ဆိုရင်ဗျာ လာမယ့် မန်ယူ- ဘာစီလိုနာ ပွဲကို အိမ်တိုင်ချွတ်ပီးလောင်းမှာပေါ့ ။ ဘယ်ဗေဒင်ဆရာလောင်းလဲ စဉ်းစားကြည်.ပါ။ဘုရားကဟောထားပြီးသား ပါ ကံအရာကိုမကြံစည်ရာ၏ လို. ပီးတော့ မိမိလုပ်တဲ့ ကံ (အလုပ် အကြောင်း)ကောင်းရင် အကျိုးကောင်းမှာ ဘယ်သူမှ မကောင်းနဲ့လို.တားလို.မရသလို ကောင်းပါလို.လဲတွန်းပို.လို.မရဘူး။ ကဲ အထက်ပါ ယုံကြည်မူမျိုးဟာ အမှန်တရား ပါလို. ဘယ်သူအာမခံနိုင်မလဲ။။ ကဲ နောက်ထပ် ကမ္ဘာမှာ ရှိတဲ့ ဘာသာတရားကြီးတွေကိုဘဲ ကြည်. အစလမ္မာစ် နဲ့ ခရစ်ယာန် ကိုယုံကြည်ကိုးကွယ်နေသူတွေ
  • ဟာ ယုံကြည်မူလွန်ကွဲပြီး ခရုဆိတ် ဆိုတဲ့ ဘာသာရေးစစ်ပွဲကြီး ပေါ်ပေါက်လာခဲ့တယ် လူသားတွေ ထောင်နဲ့ သောင်းနဲ့ သိန်းနဲ့ ချီပီး သေကြေပျက်စီးခဲ့ရတယ် အိုးမဲ့အိမ်မဲ့ မိဘမဲ့ကလေးတွေ များစွာပေါ်ပေါက်ခဲ့ရတယ် ကဲ ဒါကကော မှန်ကန်တဲ့ ယုံကြည်မူလို.ဆိုနိုင်မလား ။ကဲ ဒုတိယကမ္ဘာစစ်ကြီးပြီးကာစ သိပ်မကြာခင်လေး ကျူးဘားအရေးအခင်း အမေရိကနဲ့ ဆိုဗိယက်တို. ရဲ့ ကိုယ်ယုံကြည်ရာ မှန်တယ်ထင်တဲ့ အကြောင်းတွေကြောင့် သီသီလေး တတိယ ကမ္ဘာစစ်ကနေ လွတ်ခဲ့ရတယ် (ကုလသမဂ္ဂအတွင်းရေးမူးချုပ် ဦးသန်.၏ ပထမအဆက် လက်ထက်) ကဲဒီလိုယုံကြည်မူတွေကကော မှန်ကန်တဲ့ ယုံကြည်မူအမှန်တရားတွေဘဲလား။ ကဲမကြာသေးခင်ကမှ ပူပူနွေးနွေးလေး အနိစ္စရောက်သွားတဲ့ အိုစမာဘင်လာဒင် ဆိုသူရဲ့ ၂၀၀၁ခုနှစ် က လုပ်ရပ်ကိုကြည်. သူ.ဘက်ကတော့ ယုံကြည်မူ အမှန်တရားဘဲ လူပေါင်းဘယ်လောက် သေကြေပျက်စီးခဲ့ရသလဲ သူတို.ကြောင့် မိဘမဲ့ကလေးတွေ ဘယ်လောက် များပြားခဲ့ကြသလဲ စဉ်းစားကြည်.ကြပါ။အဲ့လိုယုံကြည်မူမျိုးကကော အမှန်တရားဘဲလား။ကဲ ကမ္ဘာနဲ့ ယှဉ်ပြီး မကြည်.တော့ဘူး ကိုယ့်နိုင်ငံ ထဲမှာဘဲ ကြည်. ကြစို. မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးဆိုကထဲက ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် လက်နက်ကိုင်ပီး တောထဲ ထွက်သွားလိုက်ကြတာ အဖွဲ့အရေအတွက်ပေါင်းမနဲ ပါဘူး ။ကဲအဲ့လိုကိုယ့် ယုံကြည်ချက်ကိုမှ မှန်တယ်ထင်ပီးအဲ့လို ထင်ရာ စိုင်းခဲ့တော့ အခု တိုင်းပြည်နောက်ကောက်ကျကျန်ခဲ့တယ် (နိုင်ငံရေးအကြောင်းပြောခြင်းမဟုတ်ပါ ပုဂ္ဂလ ဓိဓာန်ပြောခြင်းမဟုတ်ပါ ဓမ္မဓိဌါန် ပြောခြင်းသာဖြစ်ပါသည်။)ဆိုတာ ဘယ်သူမှ ငြင်းလို.မရတဲ့ အချက်တခုပါ။ ကဲ ပီးတော့ ပြည်ပ ရောက် နိုင်ငံရေးသမားတချို.ရဲ. လှုံ.ဆော်မူကြောင့် စာသင်သား ရဟန်းသံဃာတွေ လမ်းပေါ်မှာ မေတ္တာပို.(နိုင်ငံရေးသမားများ၏အပြော) ဆန္ဒပြ အော်ဟစ်ကြတဲ့ အထိ လုပ်ဆောင်ခဲ့ကြတယ် ။ကဲ ဗုဒ္ဒမြတ်စွာဘုရားက ခန္တီ ပါရမီ မေတ္တာတရားကိုသာဆွဲကိုင်ပီး အောင်ပွဲဆင်တာပါ နိုင်ငံရေးလုပ်တာ အားပေးတယ်လို. ဘယ်ကျမ်းဂန်မှာမှ ရေးသားထာမှာလဲ မဟုတ်ဘာဘူး ဘယ်ဆရာတော်ကြီးမှလဲ အားမပေးဘူး ဟောလဲမဟောပြဘူး။ဆိုလိုတာက ယုံကြည်မူကို မှန်တယ်ထင်လာရင်လုပ်သင့်၏မလုပ်သင့်၏ မစဉ်းစားဘူး ကိုယ့်ယုံကြည်မူ အတွက် သာသနာ ပျက်စီးမှာ ကိုလဲ အရေးမထားဘူး ညိုးနွမ်းမှာကိုလဲ မစိုးရိမ်ဘူး အပါယ်ငရဲ ကျမှာလဲ မကြောက်တော့ဘူး ။ကဲ အဲ့လိုယုံကြည်မူမျိုးကိုကော အမှန်တရားလို. ဆိုနိုင်မလား(ဘယ်သူမှန်တယ် မှားတယ် ဝေဖန်ခြင်းမျိုးမဟုတ်ဘူး ယုံကြည်မူဆိုတဲ့ အကြောင်းအရာပေါ်ကို ဓမ္မဌိဓါန်ကျကျ ရူမြင်သုံးသပ်ခြင်းဖြစ်ပါတယ် ။နိုင်ငံရေးအကြောင်းပြောဆိုခြင်းမဟုတ်ပါ။)ကဲ ကွန်မြူနစ်ဝါဒီ သမာတွေဘဲကြည်. သူတို.ရဲ့ယုံကြည်မူဟာ ဘယ်လောက်ပြင်းထန်လဲ အဖေမရှိဘူး အမေမရှိဘူး လုံးဝရုပ်ဝါဒီသမား များသက်သက် ကဲနောက်ဆုံးသူတို.ရဲ့ ယုံကြည်မူအတွက် အဖေသက်ဖို.လဲ ၀န်မလေးဘူး အမေသက်ဖို.လဲ ၀န်မလေးဘူး အင်မတန်ကြောက်စရာကောင်းတဲ့ ယုံကြည်မူမျိုးတွေပါ။ကဲ အဲ့လိုယုံကြည်မူမျိုးကိုကော အမှန်တရားပါလို. ဘယ်သူအာမခံလဲ ။ ကဲစာရေးသူရဲ့ နောက်ဆုံးပြောချင်တဲ့ စာရေးသူရဲ့ အမြင်လေးကတော့ ကိုယ့် ယုံကြည်မူ ကိုယ့်အတ္တ အမှန်တရားဆိုတဲ့ အရေခွံ ခပ်ပါးပါးလေးနဲ့ ဖုံးအုပ်နေမယ့်အစား အများအကျိုးရှိမယ့် လူတွေရဲ့ ယခုဘ၀ကော ဘ၀သံသရာဆက်ဆက် အကျိုးရှိမယ့် စစ်မှန်တဲ့ ဆင်ခြင်ဥာဏ်တရားပါတဲ့ အဆင့်အတန်းမြင့် ဘေးဥပဒ်မရှိတဲ့ ယုံကြည်မူမျိုးကိုသာ ရွေးချယ်သင့်တယ်ဆိုတဲ့ အကြံပြု လိုက်ရပါကြောင်း -အစဉ်လေးစားလျှက်
  • -----------(စာကြွင်း-ထိုအထက်ပါ အကြောင်းအရာလေးကို ငါသိငါတတ်ဂုဏ်မာန်တက်ပြီးရေးသားခြင်းမျိုးမဟုတ်ပါ မိမိ၏တွေးခေါ်မူလေးကို အကျိုးရှိမည်ထင်သဖြင့် မျှဝေပေးခြင်းသာဖြစ်သည် ။အမြင်မတူကလဲ ဝေဖန်ပြောဆိုနိုင်သည်။
  • မည်သူတဦးတယောက်ကိုမျှ မည်သည်.ဘာသာတရားကိုမျှ မည်သည်.အဖွဲ့အစည်းကိုမျှ နစ်နာစေလိုတဲ့ ဆန္ဒတစုံတရာဖြင့် ရေးသားခြင်းမျိုးမဟုတ်ပါ ယုံကြည်မူကို ဓမ္မဌိဓါန် ကျကျရူမြင်သုံးသပ်ခြင်းမျိုးသာဖြစ်ပါသည်။ သစ်ရွေးသမား (ရေပေါ်ထိုးတဲ့သူ) ဟာ သစ်ကို ဖြောင့်တန်းအောင် သစ်ရွေးတဲ့နေရာမှာ အစွန်းအစတွေနစ်နာစေလိုတဲ့သဘောမပါဘဲ သစ်ဖြောင့်တန်းမူအတွက် မညှာတာမငဲ့ကွက်ဘဲ သစ်ရွေးရသလို စာရေးသူလဲ လူသားအများစု အမှန်ကိုသိနိုင်စေခြင်း အလို.ဌာ မငဲ့မကွက်ရေးရခြင်းမျိုးသားဖြစ်ပါတယ် ထိုးမိလိုက်တဲ့ အစွန်းအစများအတွက် အစဉ်အားနာထောက်ရှူလျှက်)
  • (ကလောင်ရှင်-နေ၀န်းရောင်)

No comments:

Post a Comment