ထိုဘလော့သည် ဗုဒ္ဒ၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့်ရောက်လာသူအားလုံး ကျန်းမာချမ်းသာကြပါစေ...

Tuesday, July 24, 2012

ကျွန်တော်နဲ့ ကျွန်တော်၏ ပညာရေးအမြင်

ကဲ တကမ္ဘာလုံးပြောနေကြပါပီ  Knowledge Society တို. Education Age တို.ပေါ့ဗျာ။  လူသားတော်တော်များများသိလာကြပါပီ ပညာရေး ကဏ ဘယ်လောက်အရေးပါသလဲဆိုတာ။ဟိုးယခင်က တနိုင်ငံနဲ့တနိုင်ငံ စစ်ချီးပီးစစ်တိုက်ကြတယ် လူအင်အားသာတဲ့သူ ကြံ့ခိုင်တဲ့သူ ဆင်
မြင်း ပေါများတဲ့ တိုင်းပြည်က အနိုင်ရကြပါတယ်။တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာတဲ့  သီအိုရီအရ လက်နက်ချင်း ယှဉ်လာကြတယ် ကဲအခု နောက်ဆုံး Education War လို.ခေါ် ပညာရေးစစ်ပွဲတွေနဲ့ရင်ဆိုင်လာကြပီ။တနိုင်ငံနဲ့ တနိုင်ငံ လက်နက်တွေကိုင် စစ်အင်အားတွေနဲ့ ရင်ဆိုင်တဲ့ စနစ်တွေက တော်တော်များများပျောက်ကွယ်လာကြပီ။ နိုင်ငံတနိုင်ရဲ့  Human Resources ဘယ်လောက်များလဲ အဲ့အပေါ်အခြေခံပီး ကုန်ထုတ်မှု နည်းပညာ ဘယ်လောက်မြင့်မားလဲ အဲ့ဒါတွေနဲ့ လက်နက်မကိုင်ဘဲသြဇာ လွမ်းမိုးမှု ကို ရယူလာကြပါပီ။အဲ့လို Human Resources တွေကို မွေးထုတ်ပေးနိုင်တာပညာရေးပါဘဲ တနည်းအားဖြင့်စာသင်ခန်းတွေကဘာဘဲ။ပညာ ဆိုတာ ဘယ်လောက်အရေးပါသလဲ ဆို သုံးလောကထွတ်ထား မြတ်စွာဘုရားရှင်တော်တောင်မှ နိဗာန်ခရီးကို ဒီလလိုအသိပညာ နဲ့ဘဲ အရောက်လှမ်းခဲ့ပါတယ်ဆိုတာ ဘာသာရေးကိုတီးခေါက်မိသူတိုင်း သိကြပါလိမ့်မယ်။ ကဲ ဆက်ဦးစို. ကျွန်တော်တို.မြန်မာနိုင်ငံမှာ Natural Resources တွေ အများကြီးရှိပါတယ် အဲ့ဒါတွေဟာ အသုံးမချတတ်ရင် အလကားပါဘဲ။ မြောက်ဝင်ရိုးစွန်းတန်းက ရေခဲလိုဘာဘဲ (ဆရာ ဘဘဦးအောင်သင်း ရဲ့ ဥပမာလေးပါ) ။နောင်အနာဂတ်ရဲ့ နယ်ချဲ့မှု စစ်ပွဲတွေဟာ စာသင်ခန်းထဲမှာဘဲ ရှိတယ်ဆိုတာ လူငယ်တွေကို သဘောပေါက်စေချင်ပါတယ်။ကဲ ကျွန်တော်တို. မြန်မာနိုင်ငံရဲ့ ပညာရေးအကြောင်းလေး တစေ့တစောင်းလောက် အကဲခတ်ကြည်.ကြပါဦးစို.။ ငယ်စဉ်ကထဲ အခုချိန်ထိ စာသင်ကျောင်းတွေမှာ ချိတ်ထားတဲ့ဆောင်ပုဓ်လေးတခု လူတိုင်းသိမှာပါ "ပညာမြင့်မှ လူမျိုးတင့်မည်" တဲ့ အရမ်းကိုတန်ဖိုး မဖြတ်နိုင်တဲ့ စကားစုလေးပါ။ပညာမမြင့်တဲ့လူမျိုး ဘယ်မှာလာပီး တင့်တယ်နိုင်ပါ့မတုန်းဗျာ။ ပညာမတတ်တော့ လုပ်သင့်၏ မလုပ်သင့်၏ ပြောသင့်၏ မပြောသင့်၏ သင့်တော်၏ မသင့်တော်၏ မကြည်.ဘဲ စိတ်မှာပေါ်တဲ့အတိုင်းပြောဆိုလုပ်ကိုင်တတ်ကြတာပေါ့။ အဆင်မသင့် အမြင်မသင့် လှတဲ့အလုပ်တွေကိုလုပ်နေတဲ့ လူမျိုးဟာ ဘယ်မှာလာပီး လူအများအလယ်မှာတင့်တယ်နိုင်ပါ့မတုန်း ဗျာ။ "သားသမီး မကောင်း မိဘခေါင်း" " တပည်.မကောင်း ဆရာ့ခေါင်း" တဲ့ရှေးပညာရှိတွေရဲ့ ပြောစကား အင်မတန်တန်ဖိုးကြီးမားလှပါတယ်။ တာဝန်မသိရင်တော့ တာဝန်မရှိဘူးပေါ့ဗျာ တာဝန်သိလာရင်တော့ အင်မတန်လေးနက်တဲ့ တာဝန်တွေပေါ့ဗျာ။ နောင်တချိန်မှာ မိဘ ဆရာ လူကြီး အုပ်ချုပ်သူ တွေဖြစ်လာမယ့် ကလေးတွေရဲ့ အနာဂတ် တိုင်းပြည်ရဲ့ အနာဂတ်ဟာ (ကြီးကြီးကျယ်ကျယ်ပြောရင်ပေါ့ :P) လက်ရှိ မိဘ တွေ ဆရာတွေပေါ်မှာ 90 % မှုတည်နေတယ်ဆိုတာ လုံးဝမေ့မထားကြပါနဲ့။အဲ့တာဝန်ကြီးကိုလဲ ရဲရဲဝံ့ဝံ့ လက်ခံလိုက်ကြစမ်းပါ။ အဲ့တာဝန်ကြီးဟာလူသားမျိုးနွယ်စုတခုလုံးအတွက် မဖြစ်မနေ ထမ်းဆောင်ရမယ့် တာဝန်ကြီးဆိုတာ လေးလေးနက်နက် လက်ခံယုံကြည်ထားပါ။စာရေးသူ ဆရာ/မ တွေ ရဲ့ စာသင်ကြားမှုကို ကျွန်တော့်ရဲ့ မဖြစ်စလောက် အမြင်လေးနဲ့ နဲနဲလောက် အကြံပြုပါရစေလားဗျာ.စာရေးသူတို. ငယ်ငယ်တုန်းက သင်ခဲ့ကြပါတယ် အခုလဲသင်နေဆဲပါဘဲ " ကကြီးကလေးငယ်ချစ်စဖွယ်တို. ခခွေး ခရေကုန်းမလေးပြုံး" တို. စာသင်ခန်းထဲမှာ ဆရာမက အဲ့ စာစုလေးကိုတိုင်ပေးတယ် ကျောင်းသားလေးတွေက လိုက်အော်ဆိုတယ် ရေးခိုင်းတယ် ကလေးတွေက အိမ်ရောက်ရင် အလွတ်ကျက်တယ် ရေးတယ် ဆရာမသွားပြတယ် စာလုံးပေါင်းမှန်ရင် ကောင်းတို. တော်တို.ပေးလိုက်တယ် ။ကဲ စဉ်းစားကြည်.စမ်းပါ အဲ့သင်ကြားမှုပီးဆုံးသွားတဲ့အချိန် ကလေးအတွက် ဘာကျန်ခဲ့ပါသလဲ စာရေးစာဖတ်တတ်သွားတာကလွဲပီး ဘာကျန်ခဲ့သေးလဲ စဉ်းစားပါ ဆရာ/မ တွေ များများစဉ်းစားကြပါ။အဲ့လိုတာမဟုတ်ဘဲ ဆရာမက ကလေးတွေက ဘာလို.ချစ်စရာကောင်းတယ်ဆိုတာ အပြစ်ကင်းစင်လို. လိမ္မာလို. မလိမ်မညာတတ်လို. အစရှိသဖြင့် ဂုဏ်ရည်ဒြပ် လေးတွေသာကလေးတွေနားထဲစိမ့်ဝင်နေအောင် သင်ကြားပေးခဲ့ရင် အဲ့ကလေးတွေရဲ့ ကိုယ်ကျင့်တရားလေးတွေဟာ အနာဂတ်မှာ ဘယ်လောက် ကောင်းလာလိမ့်မလဲ စဉ်းစားစေခြင်ပါတယ်။အခုတော့ ကလေးတွေဟာ လှေနံဒါးထစ် မှတ်ယူခိုင်းခဲ့တဲ့ ပညာရေးစနစ်မှာကြီးမှာ ကိုယ်ပိုင် အတွေးအခေါ်မဖွင့်ပေးခဲ့တဲ့တော့ အနာဂတ် အဲ့ကလေးတွေရဲ့ဘ၀ဟာ ဘွဲ့လက်မှတ်ကိုင် ပညာတတ်ကလေးတွေဘဲ ဖြစ်လာမှာ ဧကန်မုချပါဘဲ။ကဲ နောက်တခု ဆရာဇော်ဂျီရဲ့ " သင်သေသွားသော် သင်ဖွားသောမြေ သင်တို.ပြည်သည် အခြေတိုးမြင့် ကျန်ကောင်းသင့်၏" ဆိုတဲ့ စာချိုးလေးဆို ဘယ်လောက် တန်ဖိုးမဖြတ် နိုင်တဲ့ စာချိုးလေးလဲ။အဲ့စာချိုးလေးရဲ့ ဘ၀ဟာ စာသင်ခန်းထဲလဲရောက်ရော ဆရာ တွေက ဖတ်ပြပီး စကားပြေလေးခေါ်ပေးပီး စာချိုးလေးရဲ့ ဘ၀ဟာ ပြီးဆုံးခဲ့ရတာများပါတယ်။အဲ့လိုတာမဟုတ်ဘဲ ကျောင်းသား/သူ လေးတွေရဲ့ရင်ထဲမှာ တိုင်းပြည်ပေါ်အလုပ်အကျွေးပြုချင်တဲ့စိတ် အနစ်နာခံရဲတဲ့စိတ် အတ္တပရ မျှတစေနိုင်တဲ့ အသိတရားလေးတွေသာ ထဲ့ပေးလိုက်စမ်းပါ နောင် တိုင်းပြည်ရဲ့အနာဂတ် အဲ့ကလေးတွေရဲ့လက်ထဲရောက်သွားတဲ့အချိန် ဘယ်လောက် ကမ္ဘာ့အလယ်မှာ တင့်တယ်လိုက်မလဲ ။ကဲ အဲ့စကားပြေ ကို အစအဆုံးအလွတ်မရေးနိုင်တော့ကော ဘာအရေးလဲ စာမေးပွဲခန်းက ထွက် အခုမေ့သွားပီဘဲ စဉ်းစားစေခြင်ပါတယ် ။နောက်တခု ရှင်ငြိမ်းမယ်ရဲ့ စစ်ထွက်ကဗျာလေးဆိုကြည်.စမ်းပါဦး "ပျိုတို.မောင်မှာ စစ်သံကြားလျှင် အိုးစားဖက်ကို လိုက်လို.ရှာသည်" ဆိုတဲ့ စာချိုးလေး ဘယ်လောက် အဓိပါယ်ရှိသလဲ ဗျာ ယောကျာင်္းလေးတယောက်ရဲ့ တိုင်းပြည်အပေါ် အသက်ပဓာနမထားအမှုတော်ထမ်းချင်လိုတဲ့ စိတ် အနစ်နာခံယူလိုတဲ့စိတ် တာဝန်ကို ဦးလည်မသုန် အနစ်နာခံ ထမ်းရွက်မယ် နှလုံးသားထက် တာဝန်ကိုလေးစားတဲ့စိတ်(ဟိဟိ ကိုယ်နဲ့တိုက်ဆိုင်တော့ ဖိကြွားရတာပေါ့ :P) အဲ့လိုလေးတွေတာထဲ့ခဲ့ပေးရင်လားဗျာ တိုင်းပြည်ရဲ့ ကာကွယ်ရေးအင်အားဟာလဲ ပြောမကုန်အောင် တင့်တယ်နေပါလိမ့်မယ်။ကဲ ခေတ် ပညာရပ်တွေရဲ့ သင်ကြားမှု အပိုင်းတွေကိုကြည်.ကြဦးစို. ရှုပဗေဒ ဓာတုဗေဒ ရဲ့ law တွေ Definition တွေ သင်ခဲ့ဖူးပါလိမ့်မယ် ။ဥပမာ နယူတန်ရဲ့ စက္ကန်းလောဆိုပါတော့ F=Ma ပေါ့ ဆရာမက အခန်းထဲ ၀င်လာမယ် ကျောင်းသားတွေကို စာအုပ်ထဲမှာပါတဲ့ Definition ဖွင့်ဆိုချက်ထဲက စာလုံးတွေကိုဘာသာပြန်ပေးမယ် အဲ့အတိုင်း ရှင်းပြမယ် F ဆိုတာက ဘာ M ဆိုတာက ဘာ A ဆိုတာက ဘာအစရှိသဖြင့် ရှင်းပြသွားလိမ့်မယ် ကလေးကလဲ F ကိုလိုချင်ရင် Mတန်ဖိုးနဲ့ A တန်ဖိုးကိုမြောက်ပီးရလာတဲ့အဖြေက F တန်ဖိုး ဒီထက်ကလေးမှာထပ်ပီး တိုးချဲ့စဉ်းစားနိုင်ဖို.ဆရာ ဆရာမ တွေ လမ်းကြောင်းမဖွင့်ပေးခဲ့နိုင်ဘူး။ပီးရင်ကလေးက အဲ့စာကို s တလုံးမကျန်အောင် အိသည်မရွေး ကျက်မယ်စာရွက်မှာခေါက်တုန်.ခေါက်ပြန်ရေးချမယ် စားမေးပွဲသွားဖြေမယ် ။ကဲ စဉ်းစားကြည်.ပါဦး အဲ့ကလေးမှာ အဲ့ law နဲ့ ပတ်သတ်ပီး ဖော်မြူလာသိမယ် ပေးထားတဲ့ သီအိုရီကိုအလွတ်ပြောနိုင်ဆိုပြနိုင်ရုံကလွဲပီး ဘာများထူးခြားပီး အတွေးအမြင်ချဲ့ထွင်နိုင်မလဲ လက်တွေ. F ကို ရှာပြပါဆိုရင် တောင် စာရေးသူကိုယ်တိုင်လဲ ယောင်လည်လည်ဖြစ်နေဦးမှာဘဲ ။ကဲ ဒီလိုစာသင်ခန်းတွေထဲမှာ ဒီလိုသင်ကြားမှုမျိုးတွေနဲ့ဘဲ ဆက်လက်ခရီးဆက်ချီတက်နေကြဦးမယ်ဆိုပါလျှင် အဲ့ကလေးတွေ က မိဘဖြစ်လာမယ် ဆရာ ဆရာမတွေ ဖြစ်လာမယ် အုပ်ချုပ်သူလူတန်းစားတွေဖြစ်လာမယ်ဆိုပါလျှင် တိုင်းပြည်အနာဂတ်ဟာ အခုလက်ရှိ ဆရာ ဆရာမများရဲ့  မိဘများရဲ့ အပေါ်မှုတည်နေပါတယ်ဆိုတာအကြံပြုလိုက်ပါတယ်။ ဆရာ ဆရာမများအပေါ် အပြစ်မြင်တဲ့ စေတနာ မျိုးနဲ့ ထောက်ပြခြင်းမျိုးမဟုတ်ဘာ။ဆရာ ဆရာမ များမှာလဲ အထက်ကပေးအပ်တဲ့မှုဝါဒတွေနဲ့ လုပ်ကိုင်နေ၇တဲ့ လုပ်ငန်းခွင်ထဲက အခက်အခဲများစွာရှိပါလိမ့်မည်ဟု စာရေးသူထင်ပါတယ်။ သို.ပေတကား ပညာရှိ သတိဖြစ်ခဲဆိုသလို ဆရာ ဆရာမ များ သတိမချပ်မိတာလေးတွေ သတိချပ်မိစေ ချင်သော စေတနာ စေတသိက် လေးနဲ့ ဝေဖန်အကြံပြုရေးသားလိုက်ရခြင်းဖြစ်ပါကြေင်း။(စဉ်းစားတွေးခေါ်မှု မပါသည်.စာပေသင်ကြားခြင်းသည် မိုက်မဲမှုတခုဖြစ်ပီး သင်ကြားမှု မပါတဲ့ စဉ်းစားတွေးခေါ်မှုသည် ရှုးသွပ်မှု တခုသာဖြစ်သည်။)အစဉ်လေးစားလျှက်.....ကြိုးစားပါဦးမည်(ကလောင်ရှင်-နေ၀န်းရောင်(ခေတ္တမော်စကို))

No comments:

Post a Comment