ထိုဘလော့သည် ဗုဒ္ဒ၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့်ရောက်လာသူအားလုံး ကျန်းမာချမ်းသာကြပါစေ...

Tuesday, July 24, 2012

ပညာရေး နှင့် ငွေ

  • ထိုအကြောင်းအရာလေးသည် မြန်မာလူမျိုးအများစု၏ သားသမီးအပေါ် ထားရှိသောစေတနာ အမှား လေးတခုကို သတိပြုမိစေရန် နှင့် သားသမီးများအနေဖြင့် ဆင်ခြင်ပြင်စဉ်နိုင်စေရန် ရည်ရွယ်ရေးသားရခြင်းဖြစ်ပါသည်။ အမြင်မတူ လျှင်လည်း အပြစ်တင်ဝေဖန်မူများ ပြုလုပ်နိုင်ပါသည်။။ ထိုအကြောင်းအရာလေးကို ငါသိ ငါတတ် ဂုဏ်မာန်တတ်ပြီး ရေးသားခြင်းမျိုးလဲမဟုတ်ဘာ။ မိမိ တွေးမိသော အကြောင်းအရာလေးတခုကို မျှဝေပေးခြင်းမျှသာဖြစ်ပါသည်။ မြန်မာလူမျိုးများသည် သားသမီးအပေါ် အလွန် ချစ်ခင် တွယ်တာ ပြီး သံယောဇဉ်အလွန်ကြီးသော လူမျိုးဖြစ်ပါသည်။မိမိ၏ သားသမီးများအပေါ် အလွန်အမင်း ချမ်းသာစေချင် ကောင်းစားစေချင်သည် ထို စေတနာဇောကြောင့် စေတနာအမှားနဲ့ ဆုံးမတတ်သည်.အကြောင်းအရာလေးတခုကို သတိချပ်မိပါသည်။ ထိုအကြောင်းအရာလေးကို ကျွန်တော်၏မိဘများပင်လျှင်မကြာခဏ ပြောဆို ဆုံးမတတ်သည်။
  • မိမိ၏သားသမီးများ ငယ်စဉ်ကလေးဘ၀ ပညာသင်ကြားနေစဉ်အရွယ်တွင်ပင် သားသမီးများအပေါ်ထားသော ရည်မှန်းချက်များသည်အလွန်းမင်း ကြီးမားလှပါသည်။သို.သော်ထိုရည်မှန်းချက် တွင်ထားသော ရည်ရွယ်ချက်(စေတနာ)မှာ ချွတ်ချော်တိမ်းစောင်းနေပါသည်။ မိဘများသည် မိမိ၏ သားသမီးများကို သူများနှင့်မတူ တော်စေချင်သည် တတ်စေချင်သည် သားသမီးများ ကြီးလာလျှင် ဆရာဝန်ကြီးများ ဖြစ်စေချင်သည် အင်ဂျင်နီယာကြီးများ စစ်ဗိုလ်ကြီးများ အထိုထိုသော ပညာတတ်များ အဆင့်မြင့် ဘ၀များကို ပိုင်ဆိုင်စေချင်ကြသည်။ထိုသို. မိဘများသားသမီးအပေါ်ထားရှိသော ရည်မှန်းချက်များသည် အလွန်အမင်းကောင်းပါသည် ။သို.သော် မိဘများသည် ထိုသို.ဆရာဝန်ကြီး စစ်ဗိုလ်ကြီး အင်ဂျင်နီယာ အထိုထိုသော ဘ၀များကို ပိုင်ဆိုင် လျှင် ဘယ်လိုသက်တောင့်သက်သာနဲ့ ပိုက်ဆံကို ရရှိနိုင်မည် ဘယ်လိုချမ်းသာအောင် လုပ်နိုင်သည် နေရာကောင်းရလျှင် ဘယ်လိုအကျိုးတွေခံစားခွင့်ရမည် ဟူသော မှားယွင်းသောအယူအဆများကိုပါ သားသမီးများ၏ စိတ်နှလုံးသားထဲ စွဲနစ်နေအောင် ရိုက်သွင်းပေးလိုက်တတ်ကြသည်။ ထိုကလေးများ အရွယ်ရောက်ထိုသို.သော ပညာတတ်ကြီးများ(အများကသတ်မှတ်သော) ဖြစ်လာသည်.အခါ ပိုက်ဆံ ရှာဖို.အတွက်ကိုသာ ဦးစားပေးစဉ်းစားလာတော့သည် ၀န်ထမ်းများဖြစ်လာလျှင် ကိုယ်ကျိုးသာ ကြည်.တော့သည် နေရာကောင်းရလျှင် ဘယ်လို အဂတိလိုက်စားရမည် ဆိုသာပင် အစဉ်စောင့်ကြည်.နေကြတော့မည် လုပ်သင့်၏ မလုပ်သင့်၏ မှန်၏ မှား၏ ဟူသော လူသားချင်းစာနာ ထောက်ထားတတ်သော စိတ်ဓာတ်များ မေတ္တာတရားများ ကိုယ်ကျင့်သီလများ ဆိတ်သုန်းကုန်တော့မည် ။ သူတို.၏ စိတ်ထဲတွင် ပညာသင်ကြားလာတာ ငွေရှာဖို.အတွက်ဘဲ ဘ၀ဖူလုံမူရ၇ှိရေးအတွက်ဘဲ ဟု ကျဉ်းမြောင်းသောအတွေးအခေါ်များ နဲ့ ပညာတတ်လူမိုက်များဖြစ်လာပါတော့သည် ။ထိုကဲ့သို.အတွေးအခေါ်အယူအဆရှိသော ပညာတတ်များ များပြားလာလျှင် လူ.ဘောင်လောကြီးအတွက် အလွန်အန္တာရယ်ကြီးထွားလာပါလိမ့်မည်။ ကျွန်တော် ၏ မိတ်ဆွေးရင်းချာတယောက်နဲ့ စကားပြောဖူးသည် သူသည်ပညာအလွန်တတ်သော သူတယောက်ဖြစ်သည် သူပြောခဲ့ဖူးသော စကားလေးတခွန်းကြောင့်လဲ ဒီပို.စ်လေးကို ရေးဖို.ဆုံးဖြတ်ခဲ့ချင်းဖြစ်ပါတယ် သူက " ငါ ဘွဲ့တွေထပ်ယူဦးမယ် ပညာတွေတတ်မှ ဘ၀ ကို သက်တောင့်သက်သာနဲ့ ငွေရှာနိုင်မှာ ဇိမ်ရှိရှိ မပင်မပန်းဘဲ နေနိုင်မှာ" ။အမှန်တကယ် ပညာဆိုတာ =၀ိဇ္စာ ဆိုတဲ့ သိမူဘာဘဲ ပညာဆိုတာ ဘယ်ဟာကတော့ လုပ်ရင်မှားတယ် ဘယ်ဟာကတော့ လုပ်ရင်မှန်တယ် ဘယ်လိုဟာမျိုးကအများအတွက် အကျိုးရှိမယ့် လုပ်ရပ် ဘယ်လိုအလုပ်မျိုးက လောကအကျိုး အများအကျိုး ဆုတ်ယုတ်စေမယ့် လုပ်ရပ် မျိုး ထိုသို.ဆင်ခြင်စဉ်းစားတတ်အောင် သင်ကြားပေးခြင်းဖြစ်တယ် ။မိဘများအနေဖြင့်လဲ သားသမီးများကို ငယ်စဉ်တောင်ကြေး ပညာသင်ကြားပေးစဉ်အရွယ်ထဲကပင် သူတို.အတွေးအခေါ် အယူအဆများ မှန်ကန်အောင် ပညာသင်တာ အမှားအမှန်ခွဲခြားတတ်ဖို. အနစ်နာခံပီး မိမိတတ်သည်.ပညာဖြင့် အများအကျိုး လုပ်ဆောင်ဖို. ကိုယ်ကျင့်သီလကောင်းဖို. လောကအကျိုး ရွက်သယ်ပိုးဖို. ထိုသို.သော အတွေးအခေါ် အယူအဆကောင်းလေးများကို သားသမီးများ၏ စိတ်ထဲ နှလုံးသားထဲ ဆူးဝင်နေအောင် ရိုက်သွင်းထားပေးသင့်ပါသည်။ထိုမှသာ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ ကိုယ့်ပတ်ဝန်ကျင်ဟာ အများတကာ နိုင်ငံတကာက စံထားလောက်တဲ့ အဆင့်အတန်းမြင့်တဲ့ လူမျိုးများ မုချ ဧကန် ဖြစ်ပါလိမ့်မည်ဟု ယုံကြည်မျှော်လင့်လျှက် .......ကလောင်ရှင်
  • (ကလောင်ရှင်-နေ၀န်းေ၇ာင်)

No comments:

Post a Comment