ထိုဘလော့သည် ဗုဒ္ဒ၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့်ရောက်လာသူအားလုံး ကျန်းမာချမ်းသာကြပါစေ...

Tuesday, July 24, 2012

မိဘမေတ္တာနဲ့ သားသမီးကံကြမ္မာ

စာရေးသူ ဒီအကြောင်းအ၇ာလေးကိုေ၇းမယ်လို.စိတ်ကူးမိတဲ့ အချိန် အများကြီး ခြေတုံခြတုံ ဖြစ်မိပါတယ် ။ဘာလို.လဲ ဆိုတော့ စာရေးသူ အမြင်သက်သက် အယူအဆသက်သက် နဲ့ မိဘရဲ့ မေတ္တာကို ဆော်ကားသလို ဖြစ်နေမိမှာဆိုးပါတယ် ။ ဒီအကြောင်းအရာလေးဟာ စာရေးသူရဲ့ အမြင်နဲ့အယူအဆပေါ် အခြေခံ ဆင်ခြင်စဉ်းစားပီး ရေးထားတာ ဖြစ်တဲ့အတွက် စာရေးသူရဲ့ အတွေးအယူ အဆလေးကို share လုပ်တဲ့ သဘောအနေနဲ့ ရေးသားခြင်းသက်သက် မျှသာဖြစ်ပါတယ်။ ဗုဒ္ဒဘာသာနွယ်ဝင် အများစုဖြစ်တဲ့ မြန်မာမိဘတွေဟာသားသမီးတွေ နဲ့ ပတ်သတ်ပီး ကံ ကြမ္မာ ဆိုတဲ့ အရာကို လွဲမှားစွာ ယူဆနေပုံကို  တွေးမြင်မိလို. ဒီဆောင်းပါးလေးကို ရေးသားလိုက် ရတာပါ။ မြန်မာ မိဘတော်တော် များဟာ သားသမီးတွေရဲ့  Life ကို ငယ်စဉ်ဘ၀ထဲက Creation လုပ်ဖို.ကြိုးစားတတ်ကြပါတယ်။ကဲ စာဖတ်မိတ်ဆွေ သူငယ်ချင်းတွေကို လည်း စဉ်းစားစေချင်ပါတယ် လူတစ်ဦး တစ်ယောက်က ကျန်လူတစ်ဦးတစ်ယောက်ရဲ့  Life ကို Creation လုပ်ပေးလို. ရနိုင်ပါ့မလား။။သုံးလောကထွတ်ထား သဗ္ဘညု ဗုဒ္ဒမြတ်စွာဘုရားတော်တောင်မှ လူသားတွေရဲ့ ကံကြမ္မာ ကို Creation လုပ်ပေးနိုင်ခဲ့ရဲ့လား စဉ်းစားစေချင်ပါတယ်။ ဘုရားက လူတွေ ကို  Guide ဘဲလုပ်ပေးနိုင်ခဲ့တာပါ။ Creation လုပ်ပေးခဲ့တာ မဟုတ်ဘူးနော် ။လူတိုင်း လူတိုင်းဟာ ဘ၀အဆက်ဆက် မှာ လုပ်ခဲ့တဲ့ အထုံတွေ ဗီဇတွေ ၀ါသနာတွေ ပါရမီတွေ ဆိုတာ ကပ်ပါလာပီးသားပါ။ အဲ့တာကို မိဘလုပ်တဲ့သူက Guide လေးဘဲ လုပ်ပေးရမှာပါ။ သားသမီးတွေရဲ့ ၀ါသနာ တွေကို  ငါမိဘဘဲ ဆိုတဲ့ ဘီတို အာဏာ နဲ့ ပယ်ဖျက်မယ်ဆိုရင် သင့်တော်ပါ့မလားဆိုတာ တွေးကြည်.သင့်တယ်နော်-တွေးဖို.လဲအရမ်းကောင်းတယ်။။စာရေးသူရဲ့ မိဘအပါအ၀င် ကမ္ဘာပေါ်မှာ ရှိတဲ့ မိဘတိုင်းနီးပါးဟာ မိမိသားသမီးတွေအပေါ်မှာ မေတ္တာထားတယ်ဆိုတာ ဘယ်သူမှ မငြင်းဝံ့ပါဘူး။အဲ့ဒီမေတ္တာပေါ်မှီတည်ပီး သားသမီးပေါ်ကောင်းစားစေချင်တဲ့ ဆန္ဒလေးလဲ ကပ်ပါလာတတ်ကြတာ မိဘတွေရဲ့ ဓမ္မတာပါဘဲ။ အဲ့လိုဆန္ဒလေးတွေ ဖြစ်ပေါ်လာတဲ့အချိန် မှာ သားသမီးတွေရဲ့ ၀ါသနာ ပါရမီကိုမကြည်.ဘဲ မိဘတွေရဲ့ ဖြစ်ချင်တဲ့ဆန္ဒနဲ့ ဂုဏ်သိက္ခာရှိဖို.ကိုသာ ရှေ.တန်းတင်စဉ်းစားကြပါတယ်။ ဥပမာ အားဖြင်း ၁၀ တန်းကျောင်းသားတွေ ရှိတဲ့ မိဘတော်တော်များများဟာ  သူတို.သားသမီးတွေကို ဆရာဝန်ဖြစ်စေချင်တယ် ၊ အင်ဂျင်နီယာကြီးဖြစ်စေချင်တယ်၊စစ်တပ်အရာရှိကြီးတွေ၊ဌာနဆိုင်ရာအရာရှိကြီးတွေ အစရှိသောဘ၀မျိုးတွေကို ပိုင်ဆိုင်စေချင်ကြသည်။ထိုဆန္ဒတိုင်းလဲ သားသမီးများကို ပုံသွင်းကြသည်။သားသမီးဘာဝါသနာပါလဲ ဘယ်လိုပါရမီရှိလဲ မလေ့လားလာတာများတယ် သားသမီးရဲ့ ၀ါသနာ ပါရမီ ကို ingnore လုပ်ထားတတ်ကြတာများပါတယ် ။ကဲ ရီးရဲမက်ဒရစ် က စီေ၇ာ်နယ်ဒို ၊ ဘာစီလိုနာက မက်ဆီတို.လို ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့ မိဘတွေက Microsoft ကုမ္မဏီ ရဲ့ ပိုင်ရှင် Bill gates ကိုအားကျပီး ထိုပုဂ္ဂိုလ်တွေ ကို အတင်း Computer တက္ကသိုလ်တွေ တက်ခိုင်းခဲ့ ရင် အဲ့လူတွေ ယနေ.လို ကမ္ဘာကျော်လာနိုင်ပါ့မလား။ဲJustin bieber တွေရဲ့ မိဘတွေကကော သူ.သားကို ခုနက Messi တို.ကိုသဘောကျပီး ဘောလုံးအကယ်ဒမီ ကိုပို.ခဲ့ရင် ယခုလို အောင်မြင်လာနိုင်ပါ့မလား။ကဲအဝေးကြီးကြည်.မနေနဲ့ သုဒ္ဒေါသန မင်းကြီးဟာ သိတ္ထဒ္ဒမင်းသား ကို အတင်းအကျပ် စကြာဝဒေးမင်းလုပ်ခိုင်းခဲ့ရင် သုံးလောကထွတ်ထား မြတ်စွားဘုရားရယ်လို. လူတကာက ရှိခိုး ခြင်းကိုခံနေရမှာလား ။ဟုတ်ပါပီ ထပ်ပြီးစဉ်းစားကြည်.ကြဦးစို.- Society တခုမှာ ဆရာဝန်ကြီးဘဲ အင်ဂျင်နီယာကြီးဘဲ စစ်တပ်အရာရှိကြီးဘဲ ဌာနဆိုင်ရာအရာရှိအကြီးကဲကြီးဘဲ သူဌေးကြီးဘဲ နဲ့ဖွဲ့စည်းထားလို.ရပါ့မလား ။လမ်းပန်းဆက်သွယ်ရေးအတွက် ကား Driver တွေ ကုန်စည်သယ်ယူမှု ကုန်တင်ကုန်ချအလုပ်သမားတွေ အစားသောက်ဖွယ်ရာတွေကိုလွယ်လင့်တကူဝယ်စားနိုင်ဖို. ထမင်း ဟင်းရောင်းတဲ့သူတွေ အထိုထိုသောလူတန်းစားတွေ မရှိတော့ရင်ကော အဲ့ Society ကြီးက ရပ်တည်လို.ရပါ့မလား။ လူတိုင်းဟာ သူ.အထုံသူ.ပါ၇မီ နဲ့သူလာတာပါ သူ.ပါရမီနဲ့ကိုက်တဲ့ အလုပ်ကိုလုပ်ရမှသာ ပျော်ရွှင်စိတ်ချမ်းသားပီး အောင်မြင်နိုင်တာပါ။အသက်အရွယ်၇လာလို. အိမ်ထောင်ရပ်သားပြုတဲ့အခါကျရင်လဲ မြန်မာမိဘတော်တော်များများဟာ ၀င်ရောက်ရွေးချယ် ဆုံးဖြတ်ပီး သားသမီးတွေရဲ့ Life ကို Creation လုပ်ပေးတတ်ကြပါတယ်။အင်မတန် မှားယွင်းတဲ့အယူဆလို. စာရေးသူ သုံးသပ်မြင်မိပါတယ်။ အဲ့လိုပြောတော့ သားသမီးတွေကို ဘာမှမပြောဆို မဆုံးမ ရတော့ဘူးလားလို. ဒီတိုင်းလွှတ်ထားရမှာလားလို.မေးနိုင်ပါတယ်။မဟုတ်ပါဘူး သားသမီးတွေ အိမ်ထောင်ဖက်ရွေးချယ်တဲ့အခါဘဲဖြစ်ဖြစ် အသက်မွေးဝမ်းကျောင်းအလုပ်ကိုင်တခုကိုရွေးချယ်တာဘာဖြစ်ဖြစ် မိဘတွေက သားသမီးတွေကို မိမိတို.ရဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀အတွေ.အကြုံတွေ အသိတရားတွေကို  Guide လုပ်ပေးလိုက်ကြစမ်းပါ သားသမီးတွေရဲ့နှလုံးသားထဲကို အမိန်.နဲ့မဟုတ်ဘဲ စဉ်းစားဆင်ခြင်ချင့်ချိန်နိုင်သော အသိတရားတွေ ၀င်နေအောင်ထဲ့ပေးလိုက်ကြစမ်းပါ။အဲ့လို အသိတရားတွေ ထဲ့သွင်းပေးလိုက်နိုင်တဲ့သားသမီးတွေရဲ့  ဘ၀ခရီးလမ်းဟာ အမှားအနည်းဆုံးနဲ့ အောင်မြင်မှုတွေပြည်.လျှံနေမယ်ဆိုတာ ဧကန်မလွဲဘာဘဲ။ဗုဒ္ဒစာပေမှာရှိတဲ့ မြတ်စွာဘုရားဟောကြားတော်မှုခဲ့တဲ့ မကြံရာ(၄)မျိုးရှိတယ် ၁-ကံအရာကိုမကြံရာ ၂-ဈန်အရာကိုမကြံရာ ၃-ဘုရားအရာကိုမကြံရာ ၄-လောကအရာကိုမကြံရာ တဲ့။သို.သော် ဗုဒ္ဒဘာသာကိုအများဆုံးသက်ဝင်ယုံကြည်ကိုးကွယ်နေကြသော မြန်မာလူမျိုးမိဘတော်တော်များဟာ သားသမီးတွေ ကံအရာကိုများ ဘာကြောင့်ကြံစည်ချင်နေကြတာပါသလဲ။ စားရေးသူအပါအ၀င် စာဖတ်မိတ်ဆွေသူငယ်ချင်းတွေကော တနေ.နေ.တချိန်ချိန် မိဘအရာရောက်လာခဲ့ရင် မိမိတို.ရဲ့ ဆန္ဒတွေကိုမြိုသိပ်ပီး သားသမီးတွေရဲ့ ၀ါသနာ ပါရမီအတိုင်း သူတို.ကံကြမ္မာ သူတို.ဖန်တီးနိုင်ခွင့်ပေးနိုင်ပါ့မလား စဉ်းစားရင်း စဉ်းစားရင်း စဉ်းစားရင်း.ရင်း -ဟာ သွားပီ Virus ကိုက် သွားပီ............ :P


(ကလောင်ရှင်-နေ၀န်းရောင်(ခေတ္တမော်စကို)

No comments:

Post a Comment