ထိုဘလော့သည် ဗုဒ္ဒ၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့်ရောက်လာသူအားလုံး ကျန်းမာချမ်းသာကြပါစေ...

Tuesday, July 24, 2012

ရွှေမြန်မာ များ နှင့်ေ၇ာင့်၇ဲတင်းတိမ်ခြင်း

ေ၇ွှမြန်မာများ ဆိုသဖြင့် မြန်မာလူမျိုး အားလုံးကို ဆိုလိုခြင်းတော့မဟုတ်ပါ အများအားဖြင့် တိုက်ဆိုင်နေသောကြောင့် ထိုနာမ်စားလေးကိုသုံးစွဲလိုက်ခြင်းဖြစ်ပါသည်။ အခုပြောမယ့် အကြောင်းအရာလေးကို ငါသိငါတတ်ဂုဏ်မာန် တတ်ပြီးပြောခြင်းမျိုးလဲ မဟုတ်ပါ။ အများစု လွှဲမှားနေသော အယူအဆ တခုကို ပြင်ဆင်စေလိုသော စိတ်စေတနာ သန်.သန်.ဖြင့်သာ ရေးသား တင်ပြခြင်းဖြစ်ပါသည်။ အမြင်မတူလျှင်လဲ ဝေဖန် ထောက်ရှုနိုင်ပါသည်။ ကျွန်တော်တို. မြန်မာအများစုဟာ ပျင်းရိခြင်းကို ရောင့်ရဲတင်းတိမ်ခြင်းဟု အလွဲသုံးစားလုပ်ပီး ဂုဏ်မာန်တတ်နေကြပါသည်။ အလုပ်တခုကို မလုပ်ခင်ကဘဲ ရောင့်ရဲနိုင်ပါတယ်လေ ဆိုပီး ၀ီရိယမစိုက်ထုတ်ဘဲ ပေါ့ပေါ့တန်တန်အတွေးမျိုးနဲ့ဘဲ လုပ်လေ့လုပ်ထ ရှိတယ်ဆိုတာ ငြင်းလို.မရတဲ့ အချက်တခုပါ။ ထိုသူတို.၏ လက်သုံးစကားကား ဗုဒ္ဒဘာသာ လူမျိုးတွေဘဲ ရောင့်ရဲတင်းတိမ်နိုင်ရမှာပေါ့ ဟု ဘုရား၏ စကားကိုအလွဲသုံးစား လုပ်တတ်ကြသေးသည်။ သုံးလောကထွတ်ထား ကျွန်တော်တို.ရဲ့ ဗုဒ္ဒ မြတ်စွာဘုရားဟာ ထိုကဲ့သို. လောကအကျိုးဆုတ်ယုတ်စေမည်.စကားမျိုးကို ပြောလိမ့်မည် မဟုတ်ပါ ရောင့်ရဲခြင်းကိုတော့ ပြောခဲ့ပါသည် ထိုကဲ့သို. အဓိပါယ် ဆိုလိုခြင်းမဟုတ်ပါ။ ကျွန်တော်တို.ဘာသာမှာ လောကီကောင်းစားရေးကိုပြုခြင်လျှင်လည်း ပြုခွင့်ရအောင် ဘုရားက သွန်သင်လမ်းညွှန်မူတွေထားခဲ့ပါတယ် ။လောကုတ္တရာကောင်းစားဖို.အတွက်လဲ အဆုံးအမများစွာရှိပါတယ်။ လောကီကောင်းစားရေးအတွက် ရှာဖွေစားသောက်နေတဲ့ ကျွန်တော်တို.လို လူတွေအတွက် ၀ရီယ ကအရမ်းကိုအရေးကြီးတဲ့အချက်တခုပါ သမာလောဘ လို.ဆိုရင်လဲမမှားပါဘူး။ ပျင်းရိတာကို ရောင့်ရဲတာလို.ထင်နေတော့ မှားယွင်းတဲ့အယူအဆ တခုဖြစ်သွားပါပြီ။ ရောင့်ရဲခြင်းဆိုတာ အကျိုးစီးပွားကို သမာလောဘ နဲ့ ကြိုးစားရှာဖွေရပါမယ်။တိုးတက်ရာတိုးတက်ကြောင်းတွေကိုလဲစဉ်ဆက်မပြတ်လေ့လာဆည်းပူးနေရပါမယ်။ကလျာဏမိတ်တ ဆိုတဲ့ မိတ်ဆွေအဖော်မွန်ကောင်းတွေလဲရှာရမယ် ။ရှာဖွေစုဆောင်းမိလို. ရလာတဲ့ ဥစ္စာ ပစ္စည်းများကိုမှ သာသနာ့အကျိုး အများအကျိုး လူဘောင်လောက အကျိုးကို မျှဝေပီး တကိုယ်ထဲ မသုံးတာကမှ ရောင့်ရဲတင်းတိမ်ခြင်း အစစ်ဖြစ်ပါတယ်။ ဗုဒ္ဒဘာသာမို.လို.ဆင်းရဲတယ် ဆိုတာ ဘုရားစကားကို ဖီလာတိုက်နေတဲ့သူများသာ ဖြစ်ပါတယ် ။ကျွန်တော်တို.ဗုဒ္ဒဘုရားရဲ့ စကားကိုသာအမှန်တကယ် လိုက်နာကျင့်သုံးနေထိုင်မယ်ဆိုပါလျှင် လူ.ဘောင်လောကကြီး တိုးတက်သာယာပီး ငြိမ်းချမ်းစွာနေထိုင် နိုင်ပါမည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။အစဉ်လေးစားလျှက်........................(မှတ်ချက်- ဆရာတော်အရှင်ဇ၀န၏ တရားတော် တခုမှ ကိုးကားသည်)

No comments:

Post a Comment